ကျောင်းကုန်းမြို့နယ် သမဝါယမအသင်းစုလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ကျောင်းကုန်း နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် သမဝါယမအသင်းစုလီမိတက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ယနေ့နံနက် ၉ နာရီခွဲနာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထိုက်အောင်က သမဝါယမရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆောင်းဆီထွက်သီးနှံနေကြာများ အောင်မြင်စွာစိုက်ပျိုးထုတ် လုပ်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသီမြင့်က သမဝါယမ၏လုပ်ငန်းစဉ်များ၊ ကြွေးကျန်ကောက်ခံမှုအခြေအနေနှင့် လက်ရှိဆောင်ရွက်နေသော သမဝါယမအသင်းများသို့ ပံ့ပိုးဆောင်ရွက်မှုအခြေအနေတို့ကို ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းကုန်းမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အဖွဲ့အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်များနှင့် အသင်းသားစာရင်းစစ်အစီရင်ခံစာများအား သမဝါယမအမှုဆောင်များက ရှင်းလင်းဖတ်ကြားတင်သွင်းခဲ့ကြသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းအား မြို့နယ်သမဝါယမဦးစီးဌာနဦးစီးမှူး ဦးသူရနိုင်က ဖတ်ကြားတင်သွင်းခဲ့ပြီး၊ ဝေဖန်ဆွေးနွေးအကြံပြုချက်များအား သဘာပတိမှ အတည်ပြုချက်ရယူကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)