ကျိုက်လတ် နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်က ထိုးနှံပေးခဲ့ကြသည်။
ကျိုက်လတ်မြို့နယ်အတွင်း KG တန်းတွင် တက်ရောက်နေသော ကျောင်းသား/သူများအား ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါ ကာကွယ်ဆေးနှင့် အသက်သတ်မှတ်ပိုင်းခြားထားသည့် မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ကို ထိုးနှံပေးခဲ့သည်။
အဆိုပါ ဆုံဆို့-မေးခိုင်ရောဂါ ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်ပညာရေးမှူး ဦးအောင်မိုး၊ မြို့နယ်လက်ထောက်ဆရာဝန်ဒေါက်တာ မျိုးမျိုးအောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ဆရာမများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)