ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မကြီးစမ်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့ နေ့လယ် ၁ နာရီအချိန်က ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးရဲအောင်က တောင်ယာမီးရှို့ခြင်းနှင့် တောမီးလောင်ခြင်းတို့ကြောင့် မီးခိုးမြူငွေ့များ ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို လည်းကောင်း၊ မီးခိုးမြူများကြောင့် လူများ၏ ကျန်းမာရေးကိုသာမက ပတ်ဝန်းကျင်အခြေအနေများကိုလည်းကောင်း၊ သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးကျော်စံဟိန်းက သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို လည်းကောင်း၊ သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးချစ်ဇေက ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးများကိုလည်းကောင်း အသီးသီးဆွေးနွေး ဟောပြောကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာနေ ပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)