ရေဖြူ နိုဝင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ကျေးရွာရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ အနေဖြင့် နေရပ်ပြန်စောင့်ကြည့်ရေးစခန်းအတွက် အသုံးပြုရန် လူနာတင်ယာဉ် (Ambulance) တစ်စီးဝယ်ယူနိုင်ရေး ယမန်နေ့ အထိ ကံပေါက်ရွာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီက အလှူရှင်များက လှူဒါန်းသော အလှူငွေများ လက်ခံ လျက်ရှိကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာ ကိုသိန်းဇော်-မကေသွယ်ငြိမ်း ရတနာရွှေဆိုင်(လှည်းကုန်း)၊ ကိုကျော်ကျော်-မမြတ်သဇင် (HONDA) ရောင်းဝယ်ရေး က ငွေကျပ်သုံးသိန်းစီ၊ ဦးခင်မောင်ဝင်း-ဒေါ်စန်းစန်းမော် (နော်ဝေနိုင်ငံ အော်စလိုမြို့) က ငွေကျပ်နှစ်သိန်း၊ ဦးသက်နိုင်ဦး-ဒေါ်ငြိမ်းငြိမ်း အထည်ဆိုင်၊ ဦးစိုးတင့်−ဒေါ်စန်းတင် ရတနာရွှေဆိုင်၊ ဦးရွှေဝင်း-ဒေါ်သိန်းမြင့်၊ ကိုဌေးလွင်း-မသူဇာထိုက် မိသားစု၊ ကိုနေမင်းဦး-မခင်ချိုချိုထက် (ခိုင်သဇင်ရပ်ကွက်)၊ ဦးပါကြီး−ဒေါ်အုန်းမြင့်(ဗိုလ်ချုပ်ရပ်ကွက်) ကံပေါက် ခရစ်ယာန်အသင်းတော်၊ ဦးစံအောင်−ဒေါ်အုန်းမေ မိသားစုကငွေကျပ် တစ်သိန်းစီ၊ ကိုဂျေမီ−မငယ်ငယ်(မြဝတီမြို့)၊ ဒေါ်ဝေဝေမိသားစုနှင့် ကိုစိုးစိုးလေး−မထိုက်ထိုက်လှိုင် က ငွေကျပ် ငါးသောင်းစီကို ပေးအပ်လှူဒါန်းရာ ကံပေါက်ရွာ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ကံပေါက်ရွာတွင် နိုင်ငံခြားနှင့်ပြည်တွင်းနေရပ်ပြန် စောင့်ကြည့်ရေးစခန်း၌ အမျိုးသား (၅၁) ဦးနှင့် အမျိုးသမီး (၄၁) ဦးတို့ရှိပြီး ယနေ့အချိန်ထိ ပိုးတွေ့လူနာ မရှိသေးကြောင်းသိရသည်။
ဖြူဖြူရှိန် (ပြန်/ဆက်)