အောင်လံမြို့၌ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် အဖွဲ့အင်ဂျင်နီယာများ အဝေးပြေးယာဉ် ရပ်နားစခန်းအား သွားရောက်ကြည့်ရှုစစ်ဆေး

အောင်လံ နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိနှင့် အဖွဲ့အင်ဂျင်နီယာများ အဝေးပြေးယာဉ်ရပ်နားစခန်းကို ယမန်နေ့က သွားရောက်ကြည့်ရှုခဲ့သည်။

ထို့နောက် အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာများက အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း ကျေးလက်မောတော်ယာဉ်များ၊ Express ဂိတ်များ၊ ကားလေးဂိတ်များ၊ ကုန်စည်ဂိတ်များ၊ မော်တော်ယာဉ်ရပ်နားမည့် နေရာများ၊ အများသုံး သန့်စင်ခန်းနှင့် ရေချိုးခန်းများ၊ ပန်းအလှခုံများ ဆောင်ရွက်ပြီးစီးမှုအား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)