မြဝတီခရိုင်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြဝတီ နိုဝင်ဘာ ၂၆

(၁၀) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ အနှစ်သာရပြည့်ဝစွာဖြင့် ကျင်းပသည်။

ဦးစွာ အမှတ် () အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” တေးသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၁၀) နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်  အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကောင်းစံလင်းက ဖတ်ကြားသည်။

ဆက်လက်၍ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲ၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတို့၌ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်ပညာရေးမှူး ဦးမိုးကျော်တို့က ဆုများချီးမြှင့်ပေးပြီး အမှတ် () အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပေးသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့မှ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့သည့်မှတ်တမ်းများ၊ ဗဟုသုတဖြစ်ဖွယ်နံရံကပ်စာစောင်များ၊ သုတ/ ရသစာအုပ်စာစောင်များ  ခင်းကျင်းပြသပေးခြင်းနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)