ဆိပ်ဖြူ နိုဝင်ဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။
အဆိုပါ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာဆိုင်ရာများ၊ ပညာရေးဌာနမှ မြို့နယ်ပညာရေးမှူး၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။
(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းက ဖတ်ကြားပေးသည်။ ထို့နောက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲ အထိမ်းအမှတ်ကျင်းပသည့် စာစီစာကုံးပြိုင်ပွဲများ၌ ဆုရကျောင်းသား/ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ပညာရေးမှူးတို့က အသီသီးဆုများချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာဆိုင်ရာများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ (အညာမြေ)