ကျောက်ကြီးမြို့နယ်၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ပြုလုပ်

 ကျောက်ကြီး နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း သပြေဆောင်ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား /ကျောင်းသူများက "ဇာတိမာန်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖတ်ကြားခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာမူလတန်းအဆင့်၊ အခြေခံပညာ အလယ်တန်းအဆင့်၊ အခြေခံပညာ အထက်တန်းအဆင့်၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရကျောင်းသား/ ကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးပြီး အထက်တန်းကျောင်း ကျောင်းသား/ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆို၍အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ စုစုပေါင်းအင်အား(၁၂၀)ဦးခန့်တက်ရောက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်/စာစောင်ပြပွဲ ပြသရာ အခမ်းအနားသို့ တက်ရောက်လာသူများက စိတ်ပါဝင်စွာစားကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်