ဝေါ နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အ-ထ-က(ဝေါ)ကျောင်း သီရိဇေယျာခန်းမတွင် ကျင်းပသည်။
၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် အ-ထ-က(ဝေါ)ကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေပေးသည်။ ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်းက ဖတ်ကြားပေးပြီး (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ (ထက်-လယ်-မူ)စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသီဟထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများက အမျိုးအောင်ပွဲနေ့အထိမ်းအမှတ်(ထက်-လယ်-မူ)စာစီစာကုံး၊ ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီးကျောင်းသား၊ ကျောင်းသူများက အမျိုးသားနေ့အောင်ပွဲဆီ သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၅၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)