သရက်ချောင်း နိုဝင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌရဲမှူးထွန်းအောင်ကျော်နှင့်အဖွဲ့ဝင်များ၊ သရက်ချောင်းမြို့နယ်၊ တပ်နယ်မှဗိုလ်မှူးသန့်ဇင်ထွန်း၊ မြို့နယ်အဆင့် ဌာနဆိုင်တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများတက်ရောက်ကြသည်။
ရှေးဦးစွာ သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်းမှ ကျောင်းသား/သူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၄) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ရဲမှူးထွန်းအောင်ကျော်မှ ဖတ်ကြားခဲ့သည်။
ထို့နောက်(၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/သူများအား သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ရဲမှူးထွန်းအောင်ကျော်နှင့် သရက်ချောင်းမြို့နယ်၊ တပ်နယ်မှဗိုလ်မှူး သန့်ဇင်ထွန်းတို့မှ ဆုချီးမြှင့်ပေးခဲ့ပြီးနောက်သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်းမှ ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)