သံတောင်ကြီးမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ

သံတောင်ကြီး နိုဝင်ဘာ ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားရုံတွင်  ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ Grade(10)ကျောင်းသူ/ကျောင်းသားများမှ ဇာတိမာန်သီချင်းသီဆိုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သူတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သဝဏ်လွှာ  အား ဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသူ/ကျောင်းသားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေးအသင်းအဖွဲ့များမှ ဆရာတော်များ၊ ဆရာ/ဆရာမနှင့် ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နော်နော်မူ