လိပ်သိုမြို့၌ ဒေသထွက် ကျောက်ဖရုံသီးများ ဈေးကောင်းရရှိ

လိပ်သို နိုဝင်ဘာ ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြရာ ကျောက်ဖရုံပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။

ဒေသခံများမှာ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိစေရန် မိမိတို့၏ အိမ်ခြံဝင်းအတွင်းနှင့် မြေလွတ်နေရာများတွင် ကျောက်ဖရုံပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း၊ ဒေသထွက် ကျောက်ဖရုံသီးများမှာ စားသုံးသူ များပြားလာ၍ ဈေးကောင်းရရှိလာသောကြောင့် လိပ်သိုမြို့ပေါ်ရှိ ဈေးဆိုင်များတွင် ကျောက်ဖရုံသီးအလုံးအကြီး တစ်လုံးလျှင် (၃၀၀ဝိ/-) ကျပ် အထိ ဈေးရရှိနေကြောင်း သိရသည်။

လိပ်သိုမြို့တွင် တောင်သူများမှာ မိမိတို့၏ တောင်ယာမြေနှင့် မြေလွတ်နေရာများတွင် ရွှေဖရုံ၊ ဘူး၊ သခွား၊ ငရုတ်၊ ချဉ်ပေါင်၊ မုန့်ညှင်း၊ ကျောက်ဖရုံ၊ ပဲ တို့ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိပြီး ထွက်ရှိလာသည့် သီးနှံများအား လိပ်သိုမြို့ပေါ်တွင်သာမက အခြား ဒေသများသို့လည်း ပို့ဆောင်ရောင်းချကြကြောင်း သိရသည်။

ခင်လေးနွယ်