ကလေးမြို့တွင် ၂၀၂၄ ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသား‌အောင်ပွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ကလေး နိုဝင်ဘာ ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် (၁၀၄) နှစ်မြောက် အမျိုးသား‌အောင်ပွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ က‌လေးမြို့နယ် စု‌ပေါင်းရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကလေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျာင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က ဖတ်ကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၄ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသား‌အောင်ပွဲ့နေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊တတိယ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ကျောင်းသားကျောင်းသူက မြန်မာ့ကျောင်းသားသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ပြီးဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)