အိမ်မဲ နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၁)ရွေညီလာခန်းမတွင် (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်(၈) နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားကို အ.ထ.က(၂)ကျောင်းသား/သူများက ဇာတိမာန်သီချင်းသီဆို၍အခမ်းအနား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက ဖတ်ကြားပေးခဲ့သည်။
ဆက်လက်ပြီး အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူ(၁၇)ဦးအား မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် အ.ထ.က(၁)ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားအောင်မြင်စွာရုပ်သိမ်းခဲ့ပြီး အဆိုပါအခမ်းအနားတက်ရောက်လာသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဌေးဌေးလှိုင်နှင့် ဝန်ထမ်းများက (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲ့နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့သည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)