မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် (၇) နာရီအချိန်က မော်လမြိုင်ကျွန်းမြို့ အ.ထ.က (၁) ကျောင်း မဟာဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မော်လမြိုင်ကျွန်းမြို့နယ် အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူလေးများက "ဇာတိမာန်"သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ဖတ်ကြားခဲ့ပြီးနောက် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဖြင့် မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံ အထက်တန်း၊အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်း သား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ အဖွဲ့ဝင် (၂) ဦးတင်လှိုင်၊ အဖွဲ့ဝင် (၃) ဦးစောဝဏ္ဏ၊ မြို့နယ်ပညာရေးမှူး ဦးမင်းမင်းထွန်းနှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။ ထိုနောက် အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)