လက်ပံတန်းမြို့နယ်တွင် ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ

လက်ပံတန်း နိုဝင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက အ.ထ.က(၁)လက်ပံတန်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို အ.ထ.က (၂)လက်ပံတန်းမှ ကျောင်းသား၊ ကျောင်းသူကလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌နေမင်းအောင်က ဖတ်ကြားခဲ့သည်။ ထို့နောက် (၁၀၄)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ရွှေရောင်အနာဂတ် ကိုယ်ပိုင်အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို၍အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်