မင်းလှ နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းအဓိက သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မှီကျော်လွန်ရေး စံပြကွက်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး နည်းပညာဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ရွှေဝါမြိုင်တောင်သူနည်းပညာပေးစင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လင်းကအမှာစကားပြောကြားပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူးရုံး(ပြည်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကြိုင်နှင့်အဖွဲ့ဝင်များ၊ သာယာဝတီခရိုင်ဦးစီးမှူး ဒေါ်ညိုညိုသိန်းနှင့်ခရိုင်မြေမျိုးပိုးအဖွဲ့တို့က အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မှီကျော်လွန်ထွက်ရှိအောင်ဆောင်ရွက်နိုင်မည့် စိုက်ပျိုးနည်းများကို ဆွေးနွေးပို့ချခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးတောင်သူ ၆၀ ဦး တက်ရောက်ခဲ့ပြီး သိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)