မော်လိုက်မြို့၌ မူးယစ်ဆေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပ

မော်လိုက် နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ မူးယစ်ဆေးအန္တရာယ်အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာလ(၂၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က အ.မ.က(၄)ကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် အ.မ.က(၄)ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဝင်းယုက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကျော်က မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး၏အဓိပ္ပာယ်နှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဇေယျာဝင်းက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသား/ ကျောင်းသူများ ရှောင်ကြဉ်ရမည့်အချက်များ၊ မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ပြန်/ဆက်ဦးစီးဌာနမှ “မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး” ခေါင်းစဉ်များဖြင့် ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကိုထက်(ပြန်/ဆက်)