ဇလွန် နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၄၉) စက်မူလယ်ယာစခန်းမှ မျိုးစေ့ချကိရိယာဖြင့် ပဲပုပ်မျိုးစေ့ချစိုက်ပျိုးခြင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ဖက်သောင်ကျေးရွာအုပ်စု အစုကြီးကျေးရွာ တောင်သူဦးရွှေထူး၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။
မျိုးစေ့ချကိရိယာဖြင့် ပဲပုပ်မျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြရာတွင် စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်ထူးက လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ခြင်း၊ မျိုးစေ့ကုန်ကျမှုနှုန်းထားသက်သာခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ Oxygen နှင့် Nitrogen ကို ကောင်းစွာရရှိသည့်အတွက် သီးနှံအထွက်နှုန်းကောင်းခြင်း စသည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး မျိုးစေ့ချကိရိယာဖြင့် ပဲပုပ်မျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြခဲ့ကြောင်း သိရသည်။
ဝေယံ