ငါးသိုင်းချောင်း နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာစွမ်းရည်တိုးတက်မြှင့်မားလာစေရန်အတွက် ရည်ရွယ်၍ အင်္ဂလိပ်စာ စွမ်းရည်မြှင့်တင်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် Grade-10 ကျောင်းသူ မဝင့်ရတီကျော့က Why students should learn English ခေါင်းစဉ်ဖြင့် ပြောကြားပြီး Grade-10 ကျောင်းသား မောင်သန့်ဇင်အောင်က Meet at the airport ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ Grade-10 ကျောင်းသူ အဖွဲ့မှ You and me သီချင်းဖြင့် ကပြဖျော်ဖြေကာ Beloved Nightinge ပုံပြင်နှင့် The Pradigal Son ပြဇာတ်တို့ကို သရုပ်ဖော်ကာ တင်ဆက်ပြသခဲ့ပြီး A million dream သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ စာပေမြင့်မှ လူမျိုးတင့်မည် စာဖတ်ခြင်းအကျိုး စသည့်ခေါင်းစဉ်များဖြင့်လည်း ကျပန်းစကားပြောပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကိုလည်း ကျင်းပခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)