ရွှေတောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ           

ရွှေတောင် နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊အထက(ခွဲ) သရက်တောကျောင်းခန်းမ၌ "ရာသီဥတု​ပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ်ပညာရေးမှူး ဦးကျော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ရွှေတောင်မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ဆက်ပိုင်က  ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား/သူများက သိရှိလိုသည့် မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး မီးခိုး/မြူ​ငွေ့​လျှော့ချ​ရေးဆိုင်ရာသဘာဝဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေကာ ကျောင်းသုံးဗလာစာအုပ်(၇)ဒါဇင်တို့အား ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်စောထံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး၊ မြို့နယ်သစ်တောဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၉၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)