ရွှေဘိုမြို့ အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

​ရွှေဘို နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွေဘိုခရိုင်၊​ ရွှေဘိုမြို့ အမှတ် (၁၁) အခြေခံပညာမူလတန်းကျောင်း​ကျောင်း၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ ​ဒေါ်​အေးမြင့်စန်းက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို အသိပညာ​ပေး​ဟော​ပြောခဲ့ပြီး၊ ဒုတိယဦးစီးမှူး ​​ဒေါ်ခိုင်ဇင်က​ ကလေးအလုပ်သမား ပ​ပျောက်​ရေး အ​ကြောင်းအရာများကို အသိပညာ​ပေး ​ဟော​ပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

​အေးမြင့်စန်း (ပြန်/ဆက်)