ရေနံချောင်းမြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

ရေနံချောင်း နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၉ နာရီက ..က (ဝက်ချုပ်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းကို ကျောင်းသား၊ ကျောင်းသူလေးများ သိရှိပြီး အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ကိန်းအောင်းစေရန် အသိပညာပေးဟောပြောသည်။ ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများက (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူလေးများအား အခမဲ့ဖြန့်ဝေပေးပြီး (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

လက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ရက်နေ့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ အမျိုးသားရေးစိတ်ဓာတ်အားမာန်ဆောင်းပါး၊ ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ မြင်းမူမောင်နိုင်မိုး ရေးသားသည့်အမျိုးသားအောင်ပွဲနေ့ကဗျာ စသည့် အသိပညာပေး အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)