ပြည် နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် အထွက်နှုန်းကောင်းမွန်သည့် စပါးမျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးပြီး ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းပါဝင်သော သားဆက်လိုင်းစပါးမျိုးများ ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့နယ်၊ ငါးရွာအုပ်စုရှိ မျိုးစပါးစိုက်ခင်း၌ ကျင်းပခဲ့သည်။
အဆိုပါ စပါးမျိုးများရွေးချယ်ရာတွင် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းက စပါးမျိုးသစ်များ ရွေးချယ်ပုံ နည်းစနစ်များကို တောင်သူများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ပြည်ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက တောင်သူများနှင့်အတူ သားဆက်လိုင်းများမှတစ်ဆင့် စပါးမျိုး ၆ မျိုး ကို လက်တွေ့စုပေါင်းရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)