မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေးနှင့် ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်း အ.ထ.က (ခွဲ) ကျောင်း၌ ကျင်းပသည်။
ဦးစွာ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးရဲလင်းမောင်က သစ်တောနှင့်နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ သိကောင်းစရာများ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေး၊ ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေး သိကောင်းစရာများ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ လူသားများနှင့် ပတ်ဝန်းကျင် အပေါ် အကျိုးသက်ရောက်မှု၊ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့ချရမည် နည်းလမ်းများ၊ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုမဖြစ်ပေါ်စေရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီး လေထုထဲတွင်ပါဝင်သော PM 2.5 အကြောင်း အသိပညာပေး ဗီဒီယိုကိုပြသကာ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံး ဗလာစာအုပ်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန် / ဆက်)