ဝါးခယ်မ နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာ ရေလိန်-မဲဇလီ ကျေးရွာခြင်းဆက်လမ်းဘေး၌ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေးနှင့် နေကြာစိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကော်မတီဥက္ကဋ္ဌသည် ရေလိန်ကျေးရွာ၊ ရေလိန်-မဲဇလီ ကျေးရွာခြင်းဆက်လမ်းဘေး၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ နေကြာစိုက်ပျိုးနိုင်ရေး ဆွေးနွေးပြောကြားပြီး မြေနေရာသတ်မှတ်ပေးခြင်း၊ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်ကြဲပတ်ခြင်းနှင့် လမ်းမဘေးတစ်လျှောက် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)