ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများအား အပတ်စဉ် သောကြာနေ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ဟုမ္မလင်း နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား အပတ်စဉ် သောကြာနေ့ ကျ​န်းမာရေး စောင့်ရှောက်ပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီမှ (၁၂)နာရီထိ အပတ်စဥ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသဆောင်ရွက်ခြင်းကို ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်တိုက်နယ်ဆေးရုံမှ ဒေါက်တာ နန်းဝင်းအောင်၊ ဟုမ္မလင်းခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံမှ တာဝန်ကျဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများက သက်ကြီးရွယ်အိုများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင်ရောဂါ ကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုးဆီးချိုး၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွား စုစုပေါင်း (၁၀၇)ဦးအား အခမဲ့ စောင့်ရှောက်ကုသပေးခဲ့ကြောင်း သိရသည်။

ထို့နောက် သက်ကြီးဘိုးဘွားများအား အာဟာရဒါနအနေဖြင့် ကြက်သားဆန်ပြုတ် တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)