ကြံခင်း နိုဝင်ဘာ ၂၃
ဧရာတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှေ့ကွင်းပြင်၌ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ကိုယ်စား တာဝန်ခံဆရာကြီး ဦးအေးမင်းက အဖွင့်အမှာစကား ပြောကြားပြီး အထက်တန်းပြဆရာမ ဒေါ်နှင်းချယ်ရီဖြိုးက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ စတင်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အမျိုးသားနေ့အကြောင်း ဟောပြောခဲ့သည်။ ထို့နောက် မူလတန်းကျောင်းသူတစ်ဦးနှင့် အထက်တန်းကျောင်းသူတစ်ဦးတို့က နှုတ်မှုစွမ်းရည် ကဗျာရွတ်ဆိုခြင်း၊ ကျပန်းစကားပြောခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဟောပြောပွဲကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)