ကျောက်ကြီး နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားဦးရေ(၁၁၀၀)ကျော်ခန့်ရှိရာ၊ ယမန်နေ့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(၃၀၀) ကျော်ခန့်အား ဘဏ်လုပ်ငန်းချိန်အတွင်း၌ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကျန်လူများအား နောက်ရက် ဘဏ်လုပ်ငန်းချိန်တွင် ထုတ်ယူနိုင်ရေးစီမံဆောင်ရွက်ထားကြောင်း၊ ပင်စင်လစာများထုတ်ပေးနေစဥ်အတွင်း အငြိမ်းစားဝန်ထမ်းများအား သက်တောင့်သက်သာနားနေနိုင်ရန်နှင့် ပင်စင်လစာငွေများထုတ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်