မင်းလှမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေး

မင်းလှ နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံခန်းမ၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းကပြုလုပ်သည်။

ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ကြည့်ရှုအားပေးစကားများပြောကြား၍ မုန့်၊ရေသန့်ဗူးနှင့် အချိုရည်ဗူးများဝေငှပေးခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်းနှင့် ဆေးဝါးများအခမဲ့ဖြန့်‌ ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)