ကြံခင်းမြို့မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး

 ကြံခင်း အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများကို ယမန်နေ့နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အငြိမ်းစားပင်စင်လစာထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာဒေါ်ယဉ်ယဉ်မွန်နှင့်တာဝန်ရှိသူများက ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိစေရန် ပင်စင်စားများ စနစ်တကျထုတ်ယူနိုင်ရေးနှင့် ပင်စင်လစာထုတ်ယူရန် ကိုယ်တိုင်မလာရောက်နိုင်သူအငြိမ်းစားများအနေဖြင့် ကိုယ်စားလှယ်လွှဲစာများဖြင့် ထုတ်ယူနိုင်ပါကြောင်း၊ ထုတ်ယူရန်ကျန်ရှိသူများအား ပင်စင်လစာထုတ်ပေးခြင်းများကို စီစဉ်ဆောင်ရွက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ အငြိမ်းစားပင်စင်လစာထုတ်ယူသူ ဦးရေ(၁၁၅၅)ဦးရှိပြီး၊ မြို့ပြပင်စင်စား(၇၈၀)ဦး၊ ကာကွယ်ရေးပင်စင်စား(၂၈၈)ဦး၊ နိုင်ငံရေးပင်စင်စား(၇၇)၊ ဘဏ်ပင်စင်စား(၁၀)ဦးရှိကြောင်းနှင့်အောက်တိုဘာလ (၂၁)ရက်နေ့မှ(၃၀)ရက်နေ့အထိ၊ နေ့စဉ်ရုံးဖွင့်ရက်များတွင် နံနက်(၆)နာရီမှနေ့လယ်၁၂)နာရီခွဲအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)