စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် စာကြည့်တိုက်များ ဆောက်လုပ်မှုအား ကွင်းဆင်းကြည့်ရှု

ညောင်လေးပင် နိုဝင်ဘာ ၂၂

ပဲခူးတိုင်းတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက်ဆောက်လုပ်ခြင်းလုပ်ငန်းအား ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နီနီဝင်း၊ ကျေးရွာစာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က ငွေကျပ်သိန်း(၁၅၀)ဖြင့် ပြွန်တန်ဆာမြို့ စာကြည့်တိုက်ဆောက်လုပ်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုရာ စာကြည့်တိုက်ဆောက်လုပ်ရာတွင် အရည်အသွေးစံချိန်စံညွှန်းများနှင့်အညီပြည့်မီအောင် စနစ်တကျဆောက်လုပ်ရေး၊ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)