နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

နတ်မောက် နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၁၀)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးမျိုးတင့်(မြို့နယ်ဦးစီးအရာရှိ)က အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်အကြောင်းအရာများ၊ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ၊ မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး မြို့နယ်ပညာရေးမှူးက အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် မျိုးသားရေးစိတ်ဓာတ်အကြောင်း သိကောင်းစရာများအား ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ပုံပြောပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက တက်ရောက်လာကြသူများအား (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

လှဝင်း