ကျုံပျော်မြို့နယ်တွင် ကျောင်းအခြေပြု ဆုံဆို့-မေးခိုင် ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ

ကျုံပျော် နိုဝင်ဘာ ၂၂

ဧရာဝ‌တီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၌ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင် ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေးများကို အခြေခံပညာ မူလတန်းကျောင်းနှင့် ဘုန်း‌တော်ကြီးသင် မူလတန်းကျောင်း စုစုပေါင်း (၂၅၇) ကျောင်းတို့တွင် နိုဝင်ဘာ ၂၀ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ  ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ််ရေးအဖွဲ့များ၊ မြို့နယ်ပြည်သူကျန်းမာ‌ရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်မိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ ကျုံပျော်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၌ အသက် ၅ နှစ်ပြည့်ပြီး ၇ နှစ်မကျော်သော KG ကျောင်းသား ကျောင်းသူ (၄၃၁၈) ဦးအား ဆုံဆို့-မေးခိုင် ကာကွယ်ဆေးကိုလည်းကောင်း၊ အသက် ၉ နှစ်ပြည့်ပြီး ၁၀ နှစ်မကျော်သော ကျောင်းသူ (၁၉၇၆) ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကိုလည်းကောင်း အသီးသီးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)