ငပုတောမြို့၌ KG မှ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးနှင့် ဆုံဆို့ မေးခိုင်ကာကွယ်ဆေး ထိုးနှံ

ငပုတော နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ KG မှ အသက်(၅)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးနှင့် ဆုံဆို့ မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.မ.ကမြို့မ(၁)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၊ အ.လ.ကရွှေမြကွင်း ကျောင်းတို့တွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေးကို KG မှ အသက်(၅)နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအားမြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန ဝန်ထမ်းများက ထိုးနှံပေးခဲ့ပြီး ဆေးထိုးနှံပေးလျက်ရှိသောကျောင်းများသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့သည်။

မြို့နယ် (ပြန်/ဆက်)