မြဝတီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေး တိုးမြှင့်ဆောင်ရွက်

မြဝတီ နိုဝင်ဘာ ၂၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများ Quick Win အစီအမံငါးရပ်အား တိကျစွာလိုက်နာနိုင်ရေး ပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၌ ဆောင်ရွက်သည်။ 

အဆိုပါပညာပေးဆောင်ရွက်ခြင်းကို အမှတ် (၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြဝတီ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်လင်းဌေးနှင့် မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအထောက်အကူပြုဆပ်ကော်မတီတို့ ပူးပေါင်းမော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာQuick Win အစီအမံငါးရပ်တွင် ပါဝင်သည့် လိုက်နာရမည့်အချက်များ  သတ်မှတ်ဧရိယာအတွင်း မောင်းနှင်ရမည့်မိုင်နှုန်းများ၊ ဘေးတွဲမော်တော်ဆိုင်ကယ်များသည်တရားဝင်မောင်းနှင်ခွင့်မရှိ၍ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းစေရေးကို ထိခိုက်စေပြီး ဆိုးကျိုးနှင့်အသက်အန္တရာယ်များစွာ ဖြစ်ပေါ်နိုင်ကြောင်း၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်း  အရက်သေစာသောက်စား မောင်းနှင်ခြင်းမပြုကြရေးနှင့် စည်းကမ်းချက်နှင့်အညီ မလိုက်နာသူများအား ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများဖြင့် အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။        

ဇာဖြူဝင်း(မြဝတီ)