ဆိပ်ဖြူ နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲကို ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြိုကနယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ပြီး ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး မျိုးဝင်းတို့က အမှာစကားများပြောကြားပေးသည်။ ထို့နောက် သက်ဆိုင်ရာဌာနအသီးသီးက ပညာရေး၊ ကျန်းမာရေး၊ မြို့ရွာသန့်ရှင်းသာယာလှပရေး၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို လမ်းညွှန်မှာကြာပေးပြီး လုပ်ငန်းများအား ပေါင်စပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်းသိရသည်။
ကိုဇွဲ (အညာမြေ)