သံတောင်ကြီးမြို့တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ ဆောင်ရွက်

သံတောင်ကြီး နိုဝင်ဘာ ၂၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်ကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေအထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်လိုအေးက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်လော်မူ အမျိုးသားအောင်ပွဲနေ့သည် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အရေးပါသည့်နေ့ရက်တစ်ရက်ဖြစ်ကြောင်း၊ ကိုလိုနီနယ်ချဲ့လက်အောက်ကျရောက်စဉ် နယ်ချဲဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများစွာအနက်မှ နယ်ချဲ့အစိုး၏ ရန်ကုန်တက္ကသိုလ်အက်ဉပဒေကို တက္ကသိုလ်ကျောင်းသားများက ဆန့်ကျင်သပိတ်မှောက်ရာမှ  အမျိုးသားရေးနိုးကြားတက်ကြွမှု ဖြစ်လာစေသည့်နေ့ရက်ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း စသည့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့်ကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် တင်းစကားလက်ကမ်းစာစောင်များအား  ကျောင်းသူ/ ကျောင်းသားများအား ဖြန့်ဝေပေးပြီး အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ