ရှမ်းရွာသစ် နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၂၅ ရက်နေ့တွင်ကျရောက်မည့်(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ် အသိပညာပေးလုပ်ငန်းများဖြစ်သောဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ် ၂ ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကျောင်းသား၊ ကျောင်းသူများ မြန်မာနိုင်ငံ၏သမိုင်းကြောင်းများကိုသိရှိစေရန်၊ နေ့ထူးနေ့မြတ်များကိုအစဉ်အမြဲ အောက်မေ့သတိရစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏သမိုင်းတွင် နေ့ထူးနေ့မြတ်များစွာရှိသည့်အနက် အမျိုးသားအောင်ပွဲနေ့သည် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးသည့် နေ့ထူးနေ့မြတ် ဖြစ်ကြောင်း၊ အမျိုးသားအောင်ပွဲနေ့၏အဓိပ္ပာယ်၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားနေ့ ကျင်းပပုံ၊ အမျိုးသားနေ့ဖြစ်ပေါ်ခြင်းကြောင့် ရရှိသည့်အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် နယ်ချဲ့ဆန့်ကျင်ရေး သူရဲကောင်းများပါဝင်သော အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှု လေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)