ချောက်မြို့နယ်၌ စား​သောက်ကုန်လုပ်ငန်းရှင်များ လုပ်ငန်းသုံးဆီများ လုံလောက်မှုရှိမရှိနှင့် အမှန်တကယ်သုံးစွဲခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေး​

ချောက် နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ လုပ်ငန်းသုံးဆီများ လုံလောက်မှု ရှိ၊မရှိနှင့် အမှန်တကယ်သုံးစွဲခြင်းရှိ၊ မရှိကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး ဦးဆောင်၍  ငွေမြင့်မိုရ်နှင့် စိန်သရဖူ ပဲကြော်လုပ်ငန်းများအား  ကွင်းဆင်းစစ်ဆေး​ခဲ့​ပြီး လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် စား​သောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းသုံးဆီများ လုံလောက်မှုရှိမရှိနှင့် ခွင့်​ပြုပေးထားသည့် လုပ်ငန်းသုံးဆီများ အမှန်တကယ်သုံးစွဲခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူ မိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေး၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေ​ရေး၊ ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချ​ရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို သိရှိ​လိုက်နာ​စေ​ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)