အင်္ဂပူမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆားနှင့်ကြက်ဥ စသည်တို့အား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

အင်္ဂပူ နိုဝင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်ပိုင်းက ပင်စင်လာရောက်ထုတ်ယူကြ‌သည့် အငြိမ်းစားဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆားနှင့် ကြက်ဥ စသည်တို့အား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခဲ့သည်။

အငြိမ်းစားဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆားနှင့် ကြက်ဥစသည်တို့အား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်သော တာဝန်ရှိသူများက ကြည်ရှုအား‌ပေးခဲ့ပြီး လိုအပ်သည်များအားပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အင်္ဂပူမြို့နယ် မြန်မာ့စီးပွား‌ရေးဘဏ်တွင်ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ဆန် တစ်ပြည်(၃၀၀၀)နှုန်းဖြင့် ဆန်(၂)အိတ်အားလည်းကောင်း၊ ဆီ(၁)ပိဿာ(၈၀၀၀)ကျပ်ဖြင့် ဆီ(၇၅)ပိဿာအား လည်းကောင်း၊ ကြက်ဥတစ်လုံး(၃၀၀)နှုန်း၊ ၇ လုံး(၂၀၀၀) ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)