ဟားခါး နိုဝင်ဘာ ၂၆
ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် Dr.Sa Sa ဦးဆောင်သော( Health and Hope Myanmar)အဖွဲ့မှ ကျန်းမာရေးဆိုင်ရာအထောက်အကူပြု ပစ္စည်းအမျိုးအစား (၅)မျိုးအား လှူဒါန်းခြင်းကို ယမန်နေ့က ဟားခါးမြို့၊ မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းပေးအပ်ရာတွင် Water Tank(500Li) (၄)ခု၊ လက်ဆေးရေစင်(၄)ခု၊ Hand Speaker (၃)ခု၊ လက်ဆေး ဆပ်ပြာရည်(၄)ဗူး၊ အပူချိန်တိုင်းကိရိယာ(၄)ခုကို ပေးအပ်လှူဒါန်းခဲ့ရာ ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေး ကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင် ရန်အတွက် အလှူရှင်များအနေဖြင့် အလှူငွေနှင့်ကျန်းမာရေး ဆိုင်ရာအထောက် အကူပြုပစ္စည်းများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
Dr.Sa Sa ဦးဆောင်သော( Health and Hope Myanmar)အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်း အမျိုးအစား (၅)မျိုးအား ချင်းပြည်နယ်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာစုစုပေါင်း (၇၅)နေရာရှိ သတ်မှတ် ထားသည့်နေရာ စုစုပေါင်း(၁၀၀)တွင် ပစ္စည်းအမျိုးအစားအလိုက် (၁၀၀)ခုစီ ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)