ပေါက်ခေါင်းမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေး တာဝန်ရှိသူများစစ်ဆေး

ပေါက်ခေါင်း နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အတွင်းရောင်းချသည့် စားသောက်ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကုန်စုံဆိုင်များ၊ ကုန်ခြောက်ပစ္စည်းအရောင်းဆိုင်များရှိ စား‌သောက်ကုန်ပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့မဈေးအတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များတွင် ရောင်းချနေသော နို့ထွက်ပစ္စည်းအမျိုးမျိုး၊ နို့ဆီဗူးများ၊ နို့ပါဝင်‌သော အချိုရည်အမျိုးမျိုးတို့တွင် သတ်မှတ်ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံပါဝင်ခြင်း ရှိ/မရှိ၊ သောက်သုံးရန်နှင့် ကျန်းမာ‌ရေးနှင့် ကိုက်ညီခြင်း ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်ကျော်ထွန်းက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် အသိပညာပေးအကြောင်းအရာများကို ဈေးဆိုင်ပိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)