ကျွန်းလှ၌ ဂျင်း‌မြေလမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်

ကျွန်းလှ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ (၅)လမ်း (မြဝတီလမ်းမှ ၆ လမ်းထိ) ဂျင်းမြေအဆင့်မြင့်တင်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုဂျင်းမြေလမ်း အရှည် ၁၀၀၀ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၆ လက်မကို ခွင့်ပြုရန်ပုံငွေကျပ် ၁၆ ဒသမ ၁၀၀ သန်းဖြင့် ကျွန်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ကျောက်ချောလမ်းခင်းခြင်းကို စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပြီး လုပ်ငန်းပြီးစီးပါက ရေစီးရေလာကောင်းမွန်ပြီး ရဟန်းရှင်လူပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ရာသီမရွေးသွားလာရေး အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ