ရှမ်းရွာသစ် နိုဝင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင်ကျရောက်မည့်(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်အသိပညာပေးလုပ်ငန်းများဖြစ်သော ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကျောင်းသား၊ သူများ မြန်မာနိုင်ငံ၏သမိုင်းကြောင်းများကို သိရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့သတိရစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းတွင် နေ့ထူးနေ့မြတ်များစွာရှိသည့်အနက် အမျိုးသားအောင်ပွဲနေ့သည် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးသည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ အမျိုးသားအောင်ပွဲနေ့၏ အဓိပ္ပာယ်၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားနေ့ ကျင်းပုံ၊ အမျိုးသားနေ့ဖြစ်ပေါ်ခြင်းကြောင့်ရရှိသည့်အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် နယ်ချဲ့ဆန့်ကျင်ရေး သူရဲကောင်းများ ပါဝင်သော အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှု လေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)