ယင်းမာပင် နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် (၁၀)နာရီက ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မူလတန်းအဆင့်ပြိုင်ပွဲတွင် အမျိုးသားနေ့ဒို့မမေ့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ပြိုင်ပွဲတွင် အမျိုးသားအောင်ပွဲတို့ဆင်နွှဲခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်အဆင့်ပြိုင်ပွဲတွင် အမျိုးသားနေ့နှင့်ပြည်ထောင်စုစိတ်ဓာတ်ခေါင်းစဉ်ဖြင့်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ(၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်