ပြည် နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မအူတောအုပ်စု၊ မအူတောကျေးရွာအခြေခံပညာမူလတန်း (လွန်)ကျောင်း၌ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူးဦးမိုးဇော်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ခရိုင်၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကိုသန့်က ကျောင်းသား၊ ကျောင်းသူကလေးများအား အနာဂတ်ရည်မှန်းချက်ခေါင်းစဥ်ဖြင့် အသိပညာဟောပြောပြီး ပြည်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာမောင်ထွဋ်ကောင်းက စာပေ၏အကျိုးကျေးဇူး၊ စာရေးဆရာမောင်ထက်ရှားက စာဖတ်ပါခေါင်စဥ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံဦးထွန်းနိုင်လင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောသည်။
ထို့နောက် မအူတောကျောင်းအုပ်ဆရာမကြီးဒေါ်သွယ်သွယ်နိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ကိုစိုးပြန်ဆက်