နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး

နတ်မောက် နိုဝင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် () နာရီအချိန်ခန့်က စတင်ပြီး ထုတ်ပေးလျက်ရှိသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ ပင်စင်ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် နိုဝင်ဘာလ (၂၁) ရက်နေ့မှ (၂၉) ရက်နေ့အထိ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ် နံနက် () နာရီ မှ ညနေ () နာရီအထိ ထုတ်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် သတ်မှတ်ရက်များတွင် လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား ဒီဇင်ဘာလဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

လှဝင်း