စလင်းမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေး

စလင်း နိုဝင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား နိုင်ငံဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်ကာ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။  

ထိုသို့ထုတ်ပေးလျက်ရှိရာတွင် အငြိမ်းစားပင်စင်စားများ၏ လစာများကို အခက်အခဲမရှိ ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ကြီးကြပ်မှုဖြင့်  ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိရာ ပင်စင်ထပ်တိုးငွေထုတ်ယူကြမည့် မြို့ပြပင်စင်စားများနှင့် ကာကွယ်ရေးပင်စင်စားများအား ထပ်တိုးလစာငွေ (၃၀၀၀၀) ကျပ်ကို ထုတ်ယူနိုင်ရန်မိမိတို့၏ ပင်စင်စာအုပ်များ တစ်ပါတည်းယူဆောင်လာကြရန်  မြန်မာ့စီးပွားရေးဘဏ်ရုံးတွင် ကြေညာထားရှိခြင်း ယနေ့နံနက်ပိုင်း ဘဏ်ငွေထုတ်ကတ်ပြားများကို ကိုင်ဆောင်၍ စနစ်တကျအလှည့်ကျ ထုတ်ယူနိုင်ကြစေရန် စီစဥ်ဆောင်ရွက်ထားပြီး ပင်စင်စားများအနေဖြင့် နိုဝင်ဘာလ (၂၁) ရက်နေ့မှ အစိုးရရုံးဖွင့်ရက်များတွင် နေ့လယ် (၂) နာရီအချိန်အထိ ပုံမှန်ထုတ်ပေးမည်ဖြစ်သည် အကြောင်းအ​မျိုးမျိုးကြောင့် ထုတ်ယူရန်ကျန်ရှိနေသူများကိုလဲ အစိုးရရုံး ဖွင့်ရက်များတွင်  ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း  စလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ရုံးမှ သိရသည်။

(မောင်လွင်)စလင်း