ကသာ နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ခရိုင်အဆင့်ဌာနများ အနေဖြင့်ဒေသန္တရစီမံကိန်းရေးဆွဲတင်ပြရေးနှင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်နိုင်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက ဌာနဆိုင်ရာများအနေဖြင့် ဒေသန္တရစီမံကိန်းရေးဆွဲတင်ပြရေးနှင့် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိနေသော လုပ်ငန်းများရှိသည့် သက်ဆိုင်ရာဌာနများအနေဖြင့် ဆောင်ရွက်နေမှုတို့ကိုတင်ပြကြရန်လိုပါကြောင်းနှင့် ဌာန၏လုပ်ငန်းများကိုအမြန်ပြီးစီးအောင် ဆောင်ရွက်ပေးဖို့လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးငြိမ်းထွေးနှင့်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်လှိုင်မြင့်တို့က ကသာမြို့၏ နယ်မြေအခြေအနေနှင့် ပတ်သက်သည်များကိုလည်းကောင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက်ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်သည့်လုပ်ငန်းစီမံကိန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ဆောင်ရွက်ပေးရမည့် အခြေအနေများကို ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့ကြောင်းနှင့် အဆိုပါ အစည်းအဝေးသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်